နေ့စဉ်ပုံမှန် ခံတွင်းသန့်ရှင်းရေးမလုပ်ခဲ့ဘူးဆိုရင်တော့ Dental Plaque ဟုခေါ်သော သွားချေးများသည်သွားခြေရင်းပတ်လည်မှာ ကပ်ညှိလာပြီး အချိန်ကြာလာသောအခါ ထုံးကျောက်များအနယ်ထိုင်ရာမှ မာကြောသောကျောက်များဖြစ်လာတက်ပါတယ်။ ဒါကို သွားချေးကျောက်တည်ခြင်းလို့ ခေါ်ပါတယ်။
ဒီလိုမျိုး ဖြစ်လာခဲ့ရင်တော့ သွားချေးကျောက်ဖယ်ရှားရှင်းလင်းသည့် ကိရိယာဖြင့် သွားချေးတွေကို ဖယ်ရှားပြစ်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ပြီးရင်တော့ သွားဖြူစေတဲ့ Whitening ကုသမှုလေးဖြင့် သွားဖြူအောင်ပြန်လည် လုပ်ဆောင်ခဲ့မယ်ဆိုရင်တော့ ဖြူဖွေးလှပတဲ့ သွားလေးတွေကို ရရှိပိုင်ဆိုင်နိုင်မှာပါနော်။ သွားချေးကျောက်တွေအပြင် ကွမ်းဂျိုး၊ ဆေးလိပ်ဂျိုးနှင့် သွားဝါတာကိုလည်း သန့်ရှင်းစင်ကြယ်သွားအောင် လေဆာဖြင့် ကုသလို့ရပါတယ်
