Dental Implant

Home Our Services Dental Implant

nullအကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့ သွားတွေရဲ့ နေရာမှာ သွားအသစ်တစ်ချောင်း ပြန်လည်စိုက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့သာ သင်ဟာ သွားပြန်မစိုက်ခဲ့ဘူးဆိုရင် ဘေးသွားတွေကျဲလာခြင်း၊ ယိုင်နဲ့လာခြင်း၊ သွားပိုးစားခြင်း၊ သွားကြားညပ်ခြင်း၊ အပေါ်သွားအောက်ကို ရှည်ထွက်လာခြင်းနဲ့ သွားဖုံးပြဿနာအမျိုးမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။

သွားစိုက်နည်း အမျိုးမျိုးရှိတဲ့ထဲကမှ လစ်ဟာသွားတဲ့နေရာမှာ သွားတစ်ချောင်းတည်း ပြန်လည်အစားထိုး သွားစိုက်နည်းဖြစ်တဲ့  Dental Implant (သွားမြစ်တုစိုက်နည်း) အကြောင်း အနည်းငယ် ပြောပြပေးပါမယ်။ တိုင်တေနီယမ်နဲ့ ပြုလုပ်ထားတဲ့ ဝက်အူအရစ်ပုံစံ သွားအမြစ်တုကို သွားဖုံးအတွင်းသို့ တစ်ချောင်းတည်း ထည့်သွင်းစိုက်နည်း ဖြစ်ပါတယ်။

Dental Implant ပြုလုပ်မယ်ဆိုရင်တော့ (1) တိုင်တေနီယမ် Implant ထည့်သွင်းရမှာဖြစ်လို့ သွားဖုံးအောက်ရှိ မေးရိုးကို အသေးစား ခွဲစိတ်မှုလေးလုပ်ရပါမယ်။ (2) သဘာ၀ သွားအရောင်အတိုင်း ရွေးချယ်စိုက်လို့ရပါမယ်။ (3) သွားအစစ်အတိုင်း စားနိုင်သောက်နိုင်ပါမယ်။ ဒါ့ကြောင့်ဈေးကတော့ တစ်ခြားသွားစိုက်နည်းတွေထက် အနည်းငယ်မြင့်ပါတယ်။ (4) ဆရာဝန်ရက်ချိန်းအတိုင်း ပြန်လည်ပြဖို့ လိုအပ်ပါတယ်။

Latha Dental Clinic မှာ သွားစိုက်မယ်ဆိုရင်တော့ ကုသမှု တစ်စုံတစ်ရာ ပြဿနာမဖြစ်ရလေအောင် အတွေ့အကြုံရင့် ဆရာဝန်ကြီးများ ကိုယ်တိုင် အသေးစိတ် စစ်ဆေးကုသပေးနေပါတယ်။

Dental Implant