သွားညှိကုမှု (Orthodontic Treatment) ဆိုတာကတော့ သွားများကိုညီညာအောင် တိကျတဲ့ ဖိအားတစ်ခုဖြင့် သွားထိန်းတပ်ဆင်ပြီး သွားတွေရွေ့လျားလာတာနဲ့အမျှ မေးရိုးတွေကပါ လိုက်ရွေ့လာပြီး သွားညှိပေးတဲ့ ကုသမှုပဲ ဖြစ်ပါတယ်။ သွားသာမက မေးရိုးတွေကိုပါ ညှိလို့ရပါတယ်။ ဘယ်လို သွားပိုင်ရှင်တွေ အများဆုံး တပ်ကြသလဲ? (1)သွား Alignment မမှန်သည့်သူများ (2)သွားခေါနေတဲ့သူများ (3)သွားထပ်၊ သွားကျဲ၊ သွားမညီမညာဖြစ်နေသူများ (4)မေးရိုးငေါထွက်နေသူများ (5)သွားတွေ တိုလွန်းခြင်း၊ အဆမတန်ရှည်လွန်းသည့် သူများကတော့ သွားနှင့်မေးရိုးအလှအပအတွက် Braceကို တပ်ဆင်ပြီး သွားညှိကြပါတယ်။
ယေဘူယျအားဖြင့်တော့ သွားညှိကုသမှု(3)မျိုးရှိပြီး အခု ရှင်းပြပေးချင်တာကတော့ Fixed Appliance ကုသခြင်းလို့ခေါ်တဲ့ Braceတပ်ပြီး သွားညှိတဲ့အပိုင်းလေးပါ။ Brace ဆိုတာကတော့ Metal အတုံးလေးများဖြင့် စတီးBracket တပ်ပြီးသွားညှိရာမှာ အသုံးပြုသည့် ကိရိယာပဲဖြစ်ပါတယ်။ Traditional Braceနှင့် Damon Brace ဆိုပြီး နှစ်မျိုးရှိတဲ့အထဲကမှ မိမိနှင့်အဆင်ပြေတဲ့ သွားညှိကုသနည်းကို ဆရာဝန်များနှင့် အသေအချာ ဆွေးနွေးတိုင်ပင်ပြီး တပ်ဆင်ကုသသင့်ပါတယ်။
Braceကိုတော့ အသက်၈နှစ်အရွယ်မှစလို့ အသက်ကြီးတဲ့သူတွေအထိ တပ်လို့ရပါတယ်။ Brace တပ်ပြီးသွားညှိမယ်ဆိုရင်တော့ သွားပုံစံအမျိုးမျိုးအလိုက်၂ နှစ်မှ ၂နှစ်ခွဲလောက်အထိ ကြာကြာတပ်ဆင်ထားရမှာပဲ ဖြစ်ပါတယ်။ သွားညှိကုသမှု ခံယူခြင်းကြောင့် မေးရိုးနှင့်သွားများ ညီညာပြီး ပို၍လှပလာခြင်း၊ စကားပီသစွာပြောနိုင်ခြင်း၊ အစားအစာဝါးရတာ အဆင်ပြေလွယ်ကူမှုရှိခြင်း၊ ခံတွင်းနှင့်ဆက်စပ်သည့်ရောဂါများ ပျောက်ကင်းသက်သာစေခြင်းများ ဖြစ်ပေါ်စေပါတယ်။
Latha Dental Clinic တွင် သွားညှိကုသမှု ခံယူမယ်ဆိုရင်တော့ အရင်ဦးဆုံး သွားရဲ့အခြေအနေကို ပြပြီး Dental Check Up ဆောင်ရွက်ပေးပြီးမှသာ လိုအပ်သည့် ကုသမှုများ အဆင့်ဆင့်ပြုလုပ်ပေးပါတယ်။ အထူးသတိထားရမှာကတော့ သွားညှိကုသမှုတွင် ဆရာဝန် ရက်ချိန်းအတိုင်း အချိန်မှန် ပြန်ပြပေးဖို့လိုအပ်ပါတယ်။
