ကလေးငယ်များ

ကလေးငယ်များ စားချင်ရာစားပြီး ခံတွင်းသန့်ရှင်းရေးတွေ ပုံမှန်မလုပ်ခဲ့ဘူးဆိုရင်တော့ ကြာလာတာနဲ့အမျှ သွားပိုးစားခြင်း ကို ကြုံတွေ့ရတတ်ပါတယ်။ အချိုစားလွန်းခြင်း ၊ အအေးများ အသောက်လွန်ခြင်း ၊ အသားစားပြီး သွားကြားညှပ်ခြင်း ၊ အရွယ်ရောက်သည်အထိ နို့ဗူးစို့တတ်ခြင်း စတာတွေကို ဆောင်ရွက်ပြီးရင်တော့ သွားကို စနစ်တကျတိုက်တာမျိုး ၊ ပလုပ်ကျင်းတာမျိုးတွေ မရှိခဲ့ရင်တော့ ကလေးတွေအတွက် သွားပိုးစားစေမယ့် ရာခိုင်နှုန်းအင်မတန်များလှပါတယ်။ သွားမှာ ကပ်ညှိတွယ်နေတဲ့ အစာဟောင်းတွေကို သန့်ရှင်းမှုမလုပ်ခဲ့ဘူးဆိုရင် အက်ဆစ်အဖြစ်ထွက်ရှိလာပြီး သွားချေးများနှင့် ပေါင်းစပ်ကာ ဘက်တီးရီးယားပိုးကို ပေါက်ဖွားစေနိုင်ကာ ကြာလာတာနဲ့အမျှ သွားပိုးစားစေတာပါ။

သွားပိုးစားခဲ့လျှင် သွားကျိုးချိန်မတန်ပဲ သွားကျိုးရခြင်း ၊ အချိန်မတန်ပဲ ဖြစ်ရခြင်းကြောင့် သွားတွေ မညီမညာထွက်နိုင်ခြင်း ၊ သွားခေါနိုင်ခြင်း ၊ သွားကျဲခြင်း စတာတွေ ကြီးသွားပေါက်လာတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ ကလေးတစ်ယောက်ဟာ အသက်၂နှစ်ခွဲဆို ကလေးသွားအစုံပေါက်တတ်ကြပြီး အဲ့အချိန်ကစလို့ မိဘများအနေဖြင့် ကလေးကိုယ်တိုင် သွားတိုက်တတ်ဖို့ ၊ ပလုပ်ကျင်းတတ်ဖို့ ၊ ကိုယ်လက်သန့်စင်စေနိုင်ဖို့အတွက် Train လို့ရနေပါပြီ။ ဘေးက ကြပ်မတ်ခြင်းဟာ ကိုယ်တိုင်လုပ်ပေးခြင်းထက် ကလေးအတွက်ပိုမိုကောင်းမွန်စေတာမို့ ကလေးတွေရဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုလေးတွေကို ဖေဖေမေမေတို့က စနစ်တကျ ဘေးကကူညီကြပ်မတ်ပေးပါ။ သွားဆေးခန်းမှာလည်း အနည်းဆုံး ၆ လတစ်ကြိမ် Dental Checkup ပုံမှန်စစ်ပေးသင့်ပါတယ်။

ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ပေးနိုင်မှ ကြီးလာတဲ့အခါ သွားနှင့်ပတ်သတ်တဲ့ ရောဂါဘယတွေ ကင်းရှင်းစေနိုင်သလို အနာဂတ်မျိုးဆက်သစ်တွေအတွက်လည်း လက်ဆင့်ကမ်းအမွေအဖြစ် ကိုယ်တိုင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Treatment begins with taking x-ray and photographs for diagnostic purposes, followed by capturing the patient’s bite, teeth, and gums via a bite registration and polyvinyl siloxane impressions or an intra-oral digital scanner. The latter method has greatly increased in popularity in recent years as digital scanning technology has improved. The dentist/orthodontist completes a written evaluation that includes diagnosis and treatment plan.[8][9][10][11] Dental impressions are scanned in order to create a digital 3D representation of the teeth.[9][10] Technicians move the teeth to the desired location with the program Treat, which creates the stages between the current and desired teeth positions.[10][11][12] Anywhere from six to forty-eight aligners may be needed. Each aligner moves teeth .25 to .33 millimeters.[5][8] ကလေးငယ်များ

lathadentalclinic

#OpenYourBusinessOnline