မကြာခဏ ကြားဖူးနေတာမျိုးရှိမှာပါ။ သွားရဲ့အပေါ်ယံကြွေလွှာတွေ ပျက်ဆီးတယ်ဆိုတာကိုပေ့ါ။ တံတွေးမှာပါဝင်တဲ့ သတ္တုဓာတ်နဲ့ သွားတိုက်ဆေးမှာပါဝင်တဲ့ ဖလိုရိုက်က သွားရဲ့အပေါ်ယံကြွေလွှာကို အလိုအလျောက် ပြန်လည် ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် အစားအသောက်နဲ့ လူနေမှုပုံစံ မှားယွင်းတာတွေကြောင့် သွားရဲ့ အပေါ်ယံ ကြွေလွှာတွေ ထပ်မံပျက်ဆီးလာမယ်ဆိုရင်တော့ သွားအခေါင်းပေါက် ဖြစ်တာမျိုးတွေကြုံရနိုင်ပါတယ်။ဒီလိုသွားမှာ အခေါင်းပေါက်တွေ ဖြစ်လာပြီဆိုရင်တော့ သူ့အလိုအလျောက် ပြန်လည်ကောင်းမွန်ဖို့ဆိုတာ မဖြစ်နိုင်တော့ပဲ ကျွမ်းကျင်တဲ့ သွားဆရာဝန်ဆီကို သွားရောက်ကုသမှသာ ပြန်လည်ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ သွားအပေါ်ယံကြွေသွားတွေကို မပျက်စီးအောင် ဂရုစိုက်ချင်တယ်ဆိုရင်တော့ ဖလိုရိုက်များများပါဝင်သော သွားတိုက်ဆေးကို အသုံးပြုပါ၊ မာကျောတဲ့ ရေခဲ၊ အရိုးတို့ ကိုက်ခြင်းကို ရှောင်ရပါမယ်။ ဒါဆိုရင်တော့ သွားရဲ့အပေါ်ယံကြွေလွှာတွေဟာ ကျန်းမာကောင်းမွန်နေမှာပဲ ဖြစ်ပါတယ်။ တကယ်လို့များ ကြွေလွှာတွေပျက်ဆီးပြီး သွားအခေါင်းပေါက်ဖြစ်ခဲ့မယ်ဆိုရင်တော့ Latha Dental Clinicကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ခေတ်မီစက်တွေနဲ့အတူ ကျွမ်းကျင်တဲ့ဆရာဝန်ကြီးကိုယ်တိုင် စနစ်တကျကုသပေးတာကြောင့် မိတ်ဆွေတို့ရဲ့ အခေါင်းပေါက်ဖြစ်နေတဲ့ သွားများ ပြန်လည်ကောင်းမွန်လာမှာအမှန်ပဲဖြစ်ပါတယ်။