ကလေးတွေမှာ သွားနဲ့ပက်သတ်ရင် အများဆုံးဖြစ်တာကတော့ သွားပိုးစားခြင်းပါ။ ဘာကြောင့်ဖြစ်လဲဆိုရင်တော့ အချိုစားခြင်းက ပထမဆုံး အကြောင်းပြချက်ဖြစ်ပြီး မိဘတွေရဲ့ အလိုလိုက်မှုကတော့ ဒုတိယဖြစ်ပါတယ်။ ကလေးတွေ အချိုစားသလို မိဘတွေကလည်း ကလေးတွေရဲ့ သွားကျန်းမာရေးကိုလျစ်လျူရှု့ ကြတဲ့အခါမှာတော့ သွားပိုးစားခြင်းနဲ့ အချိန်မတိုင်ခင် သွားနှုတ်ရခြင်း တို့ကိုဖြစ်စေပါတယ်။
ဒီလိုမဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် ကလေးတွေငြိမ်နေစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိုရည်၊ သကြားလုံး၊ နို့တို့ကိုပေးထားပြီး အချိန်အကြာကြီး မျက်ကွယ်မပြုထားပါနဲ့။ အချိုပါတဲ့ အအေး၊ ပျားရည်တို့ကို အတိုင်းအတာဖြင့်ကျွေးပါ။ ညဘက်တွေမှာ အချိုကျွေးထားမိတယ်ဆိုရင် မဖြစ်မနေ သွားတိုက်ပေးပါ။ ညဘက်အိပ်တဲ့အခါမှာတော့ ကလေးကို ချိုလိမ်ဖြုတ်ထားပေးပါ။ ကလေးတွေကိုကျွေးတဲ့ အစားအသောက်တွေမှာ အချိုပါဝင်မှုနည်းနိုင်မျှနည်းပါစေ။ ပီကေ၊ သကြားလုံးတွေကျွေးပြီးရင် ကလေးရဲ့သွားကို ရေစိုအဝတ်လေးနဲ့သုတ်ပေးပါ။
ဒီလိုလုပ်ပေးခြင်းအားဖြင့် သွားမှာကပ်ငြိနေတဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်သလို၊ သကြားလုံးနဲ့ ပီကေအစတွေကိုပါ ဖယ်ရှားပေးလို ဖြစ်စေပါတယ်။ သွားဆရာဝန်ကို မိမိကလေးရဲ့သွားအတွက် လိုအပ်တဲ့သွားတိုက်ဆေးကို မေးပြီး ပုံမှန်တိုက်ပေးပါ။ ဒီလို အချက်လေးတွေကို မိဘတွေအနေနဲ့ သတိပြုပြီး လုပ်ဆောင်ပေးမယ်ဆိုရင် ကျန်းမာတဲ့ သွားနဲ့ ရောဂါကင်းတဲ့ခံတွင်းကို ကလေးတွေပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ တကယ်လို့များ မိမိရဲ့ ကလေးငယ်မှာ သွားပြသနာ တစ်စုံတစ်ခုရှိခဲ့ပြီဆိုရင်တော့ Latha Dental Clinic ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။