ဟိတ် မှန်မှန်ပြော ငယ်ငယ်က ဆားနဲ့ သွားတိုက်ဖူးတဲ့သူတွေ ရှိကြလား?
အိမ်က ဖိုးဖိုးတွေ ဖွားဖွားတွေက ဆားနဲ့ တိုက်မှပိုဖြူတယ်ဆိုပြီး လိုက်တိုက်ခဲ့ရတဲ့ ငယ်ဘ၀တွေကို မှတ်မိသေးရဲ့လား။ ဒါဆို ဆားနဲ့ သွားကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ ဆိုတာရော သိပြီးပြီလား? အရင်ခေတ်သွားတိုက်ဆေးတွေမပေါ်ခင်တုန်းက ဆားတို့ မီးသွေးတို့ စတာတွေနဲ့ သွားတိုက်ခဲ့ရတာပါ။ အခုချိန်ထိတောင် ဆားနဲ့သွားတိုက်ရင် ပိုဖြူတယ်လို့ ယူဆကြတုန်းပါ။ ဒါပေမယ့် ဆားနဲ့ သက်သက်သွားတိုက်ဖို့ မလိုတော့ပါဘူး။ ဘာလို့ဆို တချို့သွားတိုက်ဆေးမှာ ဆားပါလာပါပြီ။ သွားတိုက်ဆေးမှာ ပါတဲ့ဆားကတော့ ကယ်လ်စီယမ်ကာဗွန်နိတ်၊ ဆိုဒီယမ်ကလိုရိုက် တို့ပဲဖြစ်ပါတယ်။ သွားတိုက်ဆေးကြော်ငြာတွေလာရင် ဒါတွေကြားဖူးနေကြဖြစ်မှာပါ။ သင့်သွားလေးတွေ သန့်ရှင်းကြံ့ခိုင်ပြီး ဖြူစင်လှပအောင် ဒါတွေက လုပ်ပေးနိုင်ပါတယ်။
ဆားရေနဲ့ပလုတ်ကျင်းခြင်း။
ဆားရေနဲ့ပလုတ်ကျင်းတာဟာ ပါးစပ်ထဲကရော သွားပွတ်တံနဲ့တိုက်မရတဲ့သွားကြားထဲကပါ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် တစ်နေ့ကို ၂ကြိမ် ၃ကြိမ်လာက် ဆားရေနဲ့ပလုတ်ကျင်းပေးရင် ပါးစပ်ထဲအနာပေါက်နေတာ၊ လည်ချောင်းနာတာ စတာတွေပါ သက်သာစေပါတယ်။ ရိုးရိုးဆား နဲ့ သွားတိုက်ခြင်းကအန္တရာယ်ရှိပါတယ်။ ဆားအခဲဖြစ်တဲ့အတွက် ဒီတိုင်းတိုက်လာရင် သွားရဲ့ကြွေလွှာတွေပျက်စီးနိုင်ပြီး ဖြူရမယ့်အစား သွားပျက်စီးနိုင်ပါတယ်။ ဒီတော့ ဆားလည်းပါ ဖလိုရိုက်ဒ်ဆိုတာလည်းပါတဲ့ သွားတိုက်ဆေးတွေကို သုံးသင့်ပါတယ်။ ဆားက သွားမှာကပ်နေတဲ့အစွန်းတွေချွတ်ပေးပြီး သွားတွေဖြူစင်စေမှာပါ။ ဖလိုရိုက်ဒ်ကတော့ သွားပိုးပေါက်မဖြစ်အောင် ကာကွယ်ပေးမှာပါ။ ဒါကြောင့် ဆားက သွားကျန်းမာရေးအတွက် သိပ်အကျိုးပြုပါတယ်။